သေခြင်းသဘော | ဝိပဿနာအခြေခံ ☸️
Profile

ကိုယ်ရေးအကျဉ်း

အရှင်ပညာဝရသည် မွေးသက္ကရာဇ် ( ၃၀-၁၂-၁၉၉၉ )ခုနှစ်တွင် အဖဦးအေးသိန်း၊ အမိဒေါ်အေးအေးမာ တို့မှ မွေးဖွားခဲ့သည်။ မွေးဖွားရာဒေသမှာ ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ဖြစ်သည်။ ငယ်နာမည်မှာ မောင်ပိုလေး ဖြစ်ပါသည်။ ကျောင်းနာမည်မှာ မောင်ဖြိုးကျော်ထက် ဖြစ်ပါသည်။

• ငယ်စဉ်မှ အသက် (၈)နှစ်အထိ ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ ကထိန်ပင်ရွာသစ်တွင် နေထိုင်ခဲ့သည်။
• အသက် (၉)နှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ (၂)ရပ်ကွက်တွင် နေထိုင်ခဲ့သည်။
• အသက် (၁၀)နှစ်မှ (၁၁)နှစ်အထိ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ (၆၄)ရပ်ကွက်တွင် နေထိုင်ခဲ့သည်။
• အသက် (၁၂)နှစ်မှ (၁၆)နှစ်အထိ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ (၇)ရပ်ကွက်တွင် နေထိုင်ခဲ့သည်။
•(၂၀၁၆-၂၀၁၇) ပညာသင်နှစ် - (၁၀)တန်းအောင်၊ ဘောဂဗေဒ(၇၇)မှတ် ဂုဏ်ထူး၊ မြန်မာစာ(၇၅)မှတ်၊ ကျန်ဘာသာများ(၄၀) ဝန်းကျင်။

• (၂၀၁၈) - မိဘ၏ ကုန်စုံဆိုင်တွင် ကူညီလုပ်ကိုင် ခဲ့သည်။ အဝေးသင် မြန်မာစာ(ပထမနှစ်) ဖြေဆို အောင်မြင်ခဲ့သည်။

• (၂-၅-၂၀၁၈) မှ (၁-၁၀-၂၀၂၀) - Hitachi Soe Electric & Machinery Co., Ltd. (HISEM)တွင် Coil Winding Section(Low Voltage Winding Operator) (၂)နှစ် လုပ်ခဲ့ပါသည်။ အဝေးသင် မြန်မာစာ(ဒုတိယနှစ်)နှင့်(တတိယနှစ်) ဖြေဆို အောင်မြင်ခဲ့သည်။

• (၂၀၂၀) မှ (၂၀၂၁) - ကြည်မြန်မာစံ အိမ်ခြံမြေအကျိုးဆောင် တွင် (၆)လ လုပ်ခဲ့ပါသည်။

• (၂၀၂၁) - ဖိနပ်နှင့် အင်္ကျီများကို ဈေးများတွင် စက်ဘီးဖြင့် (၃)လ ရောင်းခဲ့ပါသည်။

• (၁၀-၂-၂၀၂၁) - (ရွှေရင်ကျော်ဣစ္ဆာသယမဟိဒ္ဓိစေဂိုဏ်း) ပညာ ခံယူခဲ့သည်။ (၂၀၂၃)ခုနှစ် ရဟန်းဝတ်သည့် အချိန်ထိ ဂိုဏ်းသီလကို စောင့်ထိန်းခဲ့သည်။

• (၂၀၂၁) မှ (၂၀၂၂) - ‌‌ဈေးများနှင့်ကုန်စည်ပွဲရုံများဌာန တွင် ရုံးအကူ (၁.၆)နှစ် လုပ်ခဲ့ပါသည်။

• (၂၀၂၂) - မြောက်ဒဂုံတွင် စက်ဘီးနှင့် Delivery (၂)လ လုပ်ခဲ့ပါသည်။

• (၂၀၂၂) - ဦးဖေ (bar)တွင် ပန်းကန်ဆေး၊ ဓားကိုင်အကူ (၇)လ လုပ်ခဲ့ပါသည်။

• ( ၅.၁၁.၂၀၂၃ ) တွင် ရဟန်းခံကာ သာသနာဘောင်သို့ ဝင်ရောက်ခဲ့သည်။

• (၅-၁၁-၂၀၂၃) မှ (၅-၁၁-၂၀၂၄) - သုညတဓမ္မရံသီ တရားရိပ်သာတွင် (၁)နှစ် တရားအားထုတ်ခဲ့သည်။

• (၂၀၂၄) - ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ကျောင်းတော်ရာ ရွှေကျင်တိုက်၊ နမူနာစံကျောင်းတွင် မူလတန်းစာဝါ သင်ကြားပြီး သီတင်းသုံးနေပါသည်။

• (၂၀၂၄) တွင် အဝေးသင် မြန်မာစာ(စတုတ္ထနှစ်) ဖြေဆို အောင်မြင်ခဲ့သည်။ (၂၀၂၅) တွင် ဒဂုံတက္ကသိုလ်မှ အဝေးသင် မြန်မာစာ မေဂျာ ဘွဲ့ ကို ရရှိခဲ့ပါသည်။

အရှင်ပညာဝရသည် အသက် ( ၂၃ )နှစ်၊ ( ၅.၁၁.၂၀၂၃ )တွင် သာသနာဘောင်သို့ ဝင်ရောက်ကာ အများအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ သေခြင်းသဘော ဝိပဿနာအခြေခံကို မျှဝေခြင်း၊ အကြံပေးခြင်းနှင့် ဗဟုသုတဖြန့်ဝေမှုများကို ဆောင်ရွက်လျက်ရှိသည်။

"https://thaychinthabaw.github.io" ဝက်ဆိုဒ်ဖြင့် "သေခြင်းသဘော ဝိပဿနာအခြေခံ" စာမူကို လွယ်လွယ်ကူကူ ဖတ်နိုင်အောင် လုပ်ဆောင်လျက်ရှိသည်။

လူမှုမီဒီယာပေါ်တွင် “သေခြင်းသဘော | ဝိပဿနာအခြေခံ ☸️” အမည်ဖြင့် အခမဲ့ မျှဝေပေးလျက်ရှိသည်။ ယင်းအဖွဲ့အစည်းသည် အကျိုးအမြတ်မလိုသည့် အများအကျိုးပြုသော ပရဟိတရည်ရွယ်ချက်ဖြင့် တည်ထောင်ထားခြင်း ဖြစ်သည်။ လက်ရှိတွင် YouTube, TikTok, Telegram နှင့် Facebook တို့တွင် ပညာဖြန့်ဝေမှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

အဓိကရည်ရွယ်ချက်

ဝိပဿနာ အကြောင်းကို သိလိုသူများအတွက် လွယ်ကူစွာ လေ့လာနိုင်အောင် လုပ်ဆောင်လျက်ရှိပါတယ်။

လေ့လာမှုကဏ္ဍများ

  • • Tipitaka Myanmar Application မှ သုတ္တန် နိကာယ် (၅)ကျမ်း မြန်မာပြန် များကို (၁)ကြိမ် ဖတ်ခဲ့ပါတယ်။
  • • Tipitaka Myanmar Application မှ ပဋိသမ္ဘိဒါမဂ် မြန်မာပြန်ကို အထူးပြု လေ့လာခဲ့ပါတယ်။
  • • နိကာယ် (၅)ကျမ်းမှ နည်းစနစ်များကို လိုက်နာ၍ ရိပ်သာတွင် (၁)နှစ် တရားအားထုတ်ခဲ့ပါတယ်။
  • • တရားအားထုတ်စဉ်က သိခဲ့ရသော ဗာဟိယသုတ်အရ တရားရှုမှတ်နည်းနှင့် အပရိဟာနိယသုတ်အရ နိုးကြားခြင်း၌ ယှဉ် တဲ့ အားထုတ်နည်း တို့ကို မျှဝေပေးလျက် ရှိပါတယ်။
​➤